Pages

Pages

တောင်ကုတ်မြို့ ၌ အစိုးရဓမ္မာစရိယ ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များ ၏ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ




တောင်ကုတ်                  ဧပြီ ၁၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယ  ၊နိကာယ်နှင့်ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်ဆု ဆက်ကပ်လှူဒါန်းပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရှိ ဓမ္မဝိဇယသာသနာ့ ဗိမာန်တော်ကြီး၌ ယမန်နေ့ညနေ (၃) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကိုင်းရှည်စေတျာရာမကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသူရိယဓဇ ဆရာတော်အရှင်သူမြတ်က အဖွင့်သာရဏီယကထာ ချီးမြှင့်ပြီးနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဦးဇာနည်တိုး ကသာသနာတော်ဆိုင်ရာများလျှောက်ထားသည်။

           ထို့နောက်ဩဝါဒဆရာတော်ကြီးများနှင့်ကြီးကြပ်ဆရာတော် စုစုပေါင်း(၂၂)ပါး၊ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာအောင်သံဃာတော်များဖြစ်ကြသည့် ပထမကြီးတန်းအောင်(၁)ပါး၊ပထမလတ်တန်း‌အောင်(၁)ပါး၊ ပထမငယ်တန်းအောင် (၁၄) ပါးနှင့်အခြေပြု မူလတန်းအောင် (၁၅) ပါးနှင့် ဓမ္မာစရိယအောင်(၁)ပါး၊ဝိနယ၀ိဒူဘွဲ့ရ(၄)ပါး၊ဒီဃနိကာယဝိဒူဘွဲ့ရ(၁)ပါးနှင့်အဘိဓမ္မဝိဒူဘွဲ့ရ(၃)ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်တာဝန်ရှိသူများက အောင်လက်မှတ်များ နှင့်အလှူ၀တ္ထုများဆက်ကပ်လှူဒါန်း ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တောင်ကုတ်တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်လင်း၊ ဒုတိယဗိုလ်မှူးကြီး မျိုး၀င်းလှိုင် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့် ပါမောက္ခ၊ ကထိကများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment