Pages

Pages

ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မဈေးကြီး မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြ



ပေါက်ခေါင်း  ၊  ဧပြီ  ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာမြို့မဈေးကြီးအတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျင်းပခဲ့သည်။

အဆိုပါ မြို့မဈေးကြီးမီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဆိုင်ခန်းများတွင် မီးလောင်ကျွမ်းမှု များ ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်ဖြင့် မြို့မဈေး မီးငြှိမ်းသတ်နည်းများကို ဈေးရောင်းချသည့်ပြည်သူများအား သရုပ်ပြသဆောင်ရွက်ပေးသည်။ ယင်းသို့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းသူနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက်ရောက်ကြည့်ရှုအားပေးပြီး မြို့မဈေးအတွင်း‌ ဈေးဆိုင်များတွင် မီးသတ်ဆေးဘူးထားရှိသုံးစွဲ‌နေသည်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment