Pages

Pages

ကျွန်းလှမြို့နယ်၌ ယခုနှစ်ဆောင်းရာတွင်စိုက်ပျိုးသော ပန်းနှမ်း ဧက ၅၀၀၀ ကျော် ရိတ်သိမ်းပြီးစီး



ကျွန်းလှ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ စိုက်ပျိုးသော ပန်းနှမ်း ဧက ၅၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပန်းနှမ်း ၅၃၁၃ ဧက စိုက်ပျိုးရန်လျာထားပြီး ၅၃၁၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ဧကအားလုံးရိတ်သိမ်းပြီး တစ်ဧက ၁၂ ဒသမ ၉၅ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။

အဆိုပါ ပန်းနှမ်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျ အချိန်ကိုက်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးမှုအဖြစ် မြေပဲ ၁၄၂၃၆ ဧက၊ နှမ်း ၁၄၀၃၅ ဧက၊ နေကြာ ၁၂၂၇ ဧက၊ ပန်းနှမ်း ၅၃၁၅ ဧက၊ မုံညှင့်စေ့ ၄၃၅ ဧက စုစုပေါင်း ၃၅၂၄၈ ဧက စိုက်ပျိုးခဲ့ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။


မျိုးဝင်းညို (ကျွန်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment