Pages

Pages

သန်လျင်မြို့နယ်၌ သင်ထောက်ကူယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေဆွေးနွေး



ရန်ကုန် ဧပြီ ၆

သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာရှိ Shwe Sakar Co.Ld (ရွှေစကားအထည်ချုပ်စက်ရုံ)နှင့် မိဘဂုဏ်ရည် အထည်ချုပ်စက်ရုံတို့၌ ပြုလုပ်သည်။


အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သန်လျင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီရီကျော်နှင့် ဦးစီးအရာရှိ ဒေါ်အိအိချို (အလုပ်ရုံစစ်ဆေးရေး)တို့က အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment