Pages

Pages

ကျိုက်လတ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ကျင်းပ



ကျိုက်လတ် ဧပြီ ၃


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့ စတင်ကျင်းပခဲ့သည်။


ကျိုက်လတ်မြို့နယ် သံဃနာယကဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ယခု ၂၀၂၄ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း (၁၅)ပါး၊ ပထမလတ်တန်း(၁၂)ပါး၊ ပထမငယ်တန်း (၂၄)ပါးနှင့် အခြေပြုမူလတန်း (၄၃)ပါး စုစုပေါင်း စာရင်းရှိ (၉၂)ပါးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပျက်ကွက်(၁၃)ပါး ဖြစ်ကြောင်းသိရသည်။


အဆိုပါစာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေ့စဉ် နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ စာမေးပွဲဖြေဆိုကြမည် ဖြစ်သည်။ ယနေ့တွင် ဝိနည်းဘာသာရပ်ကို ဖြေဆိုနေခြင်းဖြစ်ပြီး စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေ့ဆွမ်းနှင့်အအေးများကို ဌာနဆိုင်ရာများနှင့် အလှူရှင်များက လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


လှိုင်မင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment