Pages

Pages

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ ထွန်းသစ်စမူကြိုကျောင်းဆင်းပွဲ ကျင်းပ



မိုးကောင်း ဧပြီ ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ထွန်းသစ်စမူကြိုကျောင်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီတွင် ကျင်းပသည်။

အခမ်းအနားကို ထွန်းသစ်စမူကြိုရင်သွေးငယ်များက နိုင်ငံတော်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မူကြိုကျောင်းသား၊ ကျောင်းသူ (၄၂)ဦးအား ထွန်းသစ်စမူကြိုကျောင်း တာဝန်ခံဆရာမများနှင့် ဖိတ်ကြားထားသူများက ကျောင်းဆင်းလက်မှတ်ပေးအပ်ကြသည်။

ဆက်လက်၍ မူကြိုရင်သွေးငယ်များက ချစ်ခြင်းများစွာပေးကြပါ၊ (Graduation Song)၊ အဆိုးလေး၊ Boom Boom၊ ပြုံးပြုံးလေးနေပါ၊ မမမောင်လေး၊ နွေဦးကဗျာ၊ ထားလိုက်ပါ၊ ခိုင်မာလာ နှင်းဆီ၊ အချစ်ရဲ့ကိုယ်ရံတော် တေးသီချင်းမများဖြင့် ဖျော်ဖြေတင်ဆက်ကပြပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ တွင်ဆုရရှိသူများအား ဆုအသီးသီးချီးမြှင့်ကြောင်း သိရသည်။

အဆိုပါကျောင်းဆင်းပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ထွန်းသစ်စမူကြိုကျောင်းတာဝန်ခံဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ မြို့ပေါ်ရှိ မူကြိုကျောင်းများမှ ဖိတ်ကြားထားသည့် တာဝန်ခံဆရာမများ တက်ရောက်သည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment