Pages

Pages

လပွတ္တာမြို့နယ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်နှင့် အမေရိကန်နိုင်ငံမှ ဆက်ကပ်လှူဒါန်းသော HONORARY DOCTOR OF PHILOSOPHY ဘွဲ့တံဆိပ်တော်တို့အား ထပ်ဆင့်ဆက်ကပ်လှူဒါန်း ပူဇော်ပွဲနှင့်ကျောင်းဆောင် ရေစက်သွန်းချလှူဒါန်းပွဲ ကျင်းပ



လပွတ္တာ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် အမေရိကန်နိုင်ငံ BODHISAATRA UNIVERSITY (USA) မှ ဆက်ကပ်လှူဒါန်းသော HONORARY DOCTOR OF PHILOSOPHY ဘွဲ့ တံဆိပ်တော်တို့အား ထပ်ဆင့်ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ကျောင်းဆောင် ရေစက်သွန်းချလှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်း ကျေးရွာ၊ ရှင်စောမြတ်စေတီတော် ပုရဝုဏ်အတွင်းရှိ လောင်းဝေဿာန် ဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူခဲ့သည်။ ဆက်လက်ပြီး ဒေါက်တာ ဘဒ္ဒန္တနန္ဒာလင်္ကါရ သုံးခွရေလယ်ကျောင်း ဆရာတော်က ဂုဏပူဇာဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ ဆုတောင်းခဲ့ပြီး သန်လျင်မြို့ ပင်မနယ်လှည့်သစ္စာအဓိဌာန်၊ စတုဒိသာနတ်စင်တစ်ရာ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇအား နိုင်ငံကျော်ဇာတ်မင်းသား ရွှေမန်းချမ်းသာက မင်္ဂလာရွှေစည်တော်ဖြင့် တွဲဖက်၍ မင်္ဂလာရတုပိုဒ်စုံဖြင့် ချီးကျူးဂုဏ်ပြုပူဇော်ခဲ့သည်။ ယင်းနောက် သန်လျင်မြို့ ပင်မနယ်လှည့် သစ္စာအဓိဌာန်၊ စတုဒိသာ နတ်စင်တစ်ရာ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇ အားဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့်ဇနီးတို့က ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကမွန်ဘုရင်မကြီး ရှင်စောပုကျောင်းဆောင်၊ ကျောင်းလွှတ်ပူဇာ မှန်လုံအာယုဘောဇန ဆွမ်းစားဆောင်နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ တရားချီးမြှင့်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ပြီးစီးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment