Pages

Pages

ကြည့်မြင်တိုင်မြို့နယ်တွင် PDF အကြမ်းဖက်သမားများက ဆိုက်ကားသမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်




ရန်ကုန်၊ ဧပြီ ၂၇

ကြည့်မြင်တိုင်မြို့နယ်၊ သရက်တောတောင်ရပ်ကွက်၊ သရက်တော(၅)လမ်းတွင် ဆိုက္ကားသမား (၁)ဦး ကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

တပ်မတော်/ရဲတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသူ ဦးမောင်ဦး(၆၂)နှစ် ဉယျာဉ်လမ်း၊ မကျည်းတန်းမြောက်အရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်)သည် ဆိုက္ကားဖြင့် လာရောက်စဉ် သရက်တော(၅)လမ်း၊ အောက်ဓမ္မာရုံရှေ့ အရောက်၌ PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးမောင်ဦး ၌ ဦးခေါင်းနောက်စေ့ ထိမှန်ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 380 THAI ARMS ကျည်ခွံ (၂)ခုနှင့် ကျည်(၁)တောင့် တွေ့ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဦးမောင်ဦး အား ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများက လွန်ခဲ့သော ဒီဇင်ဘာလ ၅ရက် ၂၀၂၁ခုနှစ် ပန်းပင်နီလမ်း လူထုသပိတ်အား ကားတိုက် ပစ်ခတ် ဖြိုခွင်းမှုတွင် အဓိက ပါဝင်ခဲ့သော သတင်းပေးဒလန် မောင်ဦး ကို ပစ်သတ်ခဲ့ကြောင်းဖြင့် ရေးသားပြောဆိုထားသည်ကို တွေ့ရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment