Pages

Pages

မင်္ဂလာဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) မိုးစပါးရာသီတွင် Seeder စနစ်ဖြင့် အစားထိုး စိုက်ပျိုးပေးနိုင်ရန် တောင်သူများအား အသိပညာပေးရှင်းလင်း

 


မင်္ဂလာဒုံ ၊  ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) မိုးစပါးရာသီတွင် လမ်းဘေးဝဲ/ယာမှ ကြဲခင်းနေရာများတွင် Seeder (စပါးမျိုးစေ့တိုက်ရိုက်ချကိရိယာ)စနစ်ဖြင့် အစားထိုးစိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်သူများအား အသိပညာပေးရှင်းလင်းခြင်းကို အဆိုပါရုံး၌ ဧပြီလ(၂၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဆွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လို    အပ်ပါကြောင်း၊ Seeder စနစ် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် ဆောင်ရန်၊ ရှောင်ရန် နည်းပညာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဧကရာဇ်ကျေးရွာမှ လမ်းဘေး(ပဲခူးလမ်း) ဝဲ/ယာရှိ စိုက်ခင်း တောင်သူ(၁၂)ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment