Pages

Pages

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို လက်ခံတွေ့ဆုံ




နေပြည်တော်၊ ဧပြီ ၅

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန (UN Department of Safety and Security- UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို ယမန်နေ့က နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် Under-Secretary-General Mr. Gilles Michaud က ကုလသမဂ္ဂဝန်ထမ်း များ၏ ဘေးကင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ခွင့်တို့နှင့် ပတ်သက်၍ အဓိက ဆွေးနွေးသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုနှင့် ပတ်သက်၍ အလေးပေး ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားလာခွင့်နှင့်စပ်လျဉ်း၍ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်လည် ဆွေးနွေးသည်။ ထို့အပြင် နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ဆွေး နွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လုံခြုံရေးအကြံပေး Mr. Marco Smoliner တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment