Pages

Pages

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီနှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မှုအခြေအနေများ ဆွေးနွေး








နေပြည်တော်၊ ဧပြီ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် United Russia ပါတီ ဒုတိယဥက္ကဋ္ဌ၏ အကြံပေး Mr.Vitality Solonetskiy အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ ၁၁ ၀၀ နာရီအချိန်တွင် ပါတီဌာနချုပ်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသိုတွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီနှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာအောင်မြင်ဦး၊ ဦးမြင့်ကိုကို၊ ဗဟိုကော်မတီဝင် ဦးကျော်မိုးသက် တို့ တက်ရောက်ခဲ့ကြပြီး ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် အဖွဲဝင် ၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။


#News

No comments:

Post a Comment