Pages

Pages

မိုးကောင်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

 





မိုးကောင်း  ၊ မေ  ၉


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲတွင် ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ မျိုးညွှန့်ထံမှ ပေးပို့သော ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်က ဖတ်ကြားသည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တပ်ခွဲ(၂)နှင့် တပ်ခွဲ(၄)တို့မှ စွမ်းရည်ဂုဏ်ပြုဆုရရှိသူများကို ဆုချီးမြှင့်ကြသည်။

ယင်းနောက် ရာသက်ပန်အသင်းဝင်အား ဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး ရာသက်ပန်အသင်းဝင် အသစ်ဝင်ရောက်လာသူများနှင့် အလှူရှင်များက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးသို့ အလှူငွေများ ပေးအပ်ကြသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်တင်က ကျေးဇူးတင်စကား ပြောကြားပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြောင်း သိရသည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment