Pages

Pages

တပ်ကုန်းမြို့နယ် ရေအေးကျေးရွာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်း




တပ်ကုန်း  ၊  မေ  ၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သောက်သုံးရေများ လိုအပ်လျက်ရှိသော ကျေးရွာများကို သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့ညနေပိုင်းက ရေအေးကျေးရွာတွင် သောက်သုံးရေများ လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော် ဦးဆောင်၍ မီးသတ်ဝန်ထမ်းများနှင်အတူ ရေအေးကျေးရွာအတွင်းရှိ အိမ်ထောင်စု ၂၃၀ စု၊ ရေဂါလံပေါင်း ၂၈၀၀ ဂါလံအား မီးသတ်ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment