Pages

Pages

ညောင်ဦးမြိုနယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသည့် ကျေးရွာများသို ပရဟိတ ရဟန်းတော်နှင့်အဖွဲများ လိုက်လံလှူဒါန်းလျက်ရှိ








ညောင်ဦး၊ မေ ၃

ညောင်ဦးမြိုနယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသည့် ကျေးရွာများသို ပရဟိတ ရဟန်းတော် အရှင်ဥတ္တမ နှင့်အဖွဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ ညနေပိုင်းက ထပ်မံ၍ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆရာတော်က "ညာင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ဘုန်းတော်ကျေးရွာကို မီးသတ်ဌာနနဲ့ ပူးပေါင်းပြီး ဒီနေ့ညမှာ ရေလှူခဲ့ကြပါတယ်။ ညောင်ဦးထိ မြစ်ရေသွားတိုက်ရတာဆိုတော့ မှောင်သွားတယ်။ ဒီပတ်ဝန်းကျင်က လူတွေကလည်း မြစ်ရေကိုပဲ အဓိကလိုချင်နေကြလို့ သောက်သုံးရေအဖြစ် မြစ်ရေကို လှူပေးရတယ်" ဟု မိန့်ကြားသည်။

ညောင်ဦးမြိုနယ်၊ တောင်ဇင်းအုပ်စု၊ ဗျတ္တပန်းဆက်လမ်းအတွင်းရှိ ရေရှားပါးသော ကျေးရွာ၊ တဲတိုက်များအတွက် သွားရောက်လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သောက်သုံးရေးလိုအပ်လျက်ရှိသည့် ကျေးရွာများသို လိုက်လံ လှူဒါန်းရာတွင် ပူးပေါင်းပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဆရာတော် အရှင်ဥတ္တမ (ပရဟိတ ရဟန်းတော်) ဖုန်း - 09458941466 သို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment