Pages

Pages

ကရသူရိမြို့၌ ကွမ်းသီးနု (ခေါ်) ကွမ်းသီးဂျယ် ‌ဈေး‌ကောင်းရရန် ခြံပိုင်ရှင်များမျှော်မှန်း


ကရသူရိ  ၊  မေ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ကွမ်းသီးကို ဒေသခံများ အများဆုံးစိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးအမှည့်ရာသီတွင် ခြံပိုင်ရှင်များ ဈေးကောင်းမရရှိခဲ့သဖြင့် ကွမ်းသီးနု(ခေါ်) ကွမ်းသီးဂျယ် ဈေးကောင်းရရန် မျှော်မှန်းနေကြောင်း သိရသည်။

“ကွမ်းသီးရာသီသာကုန်းသွားတယ် ဈေးကောင်းမရလို့ ခြံပိုင်ရှင်အများစုက လာမည့်ဇွန်လတွင် ခြံလုပ်ငန်းများ စတင်လည်ပတ်ဖို့  အခက်အခဲ့ဖြစ်နေချိန် ကွမ်းသီးနု(ခေါ်) ကွမ်းသီးဂျယ် ‌ဈေး‌ကောင်း ရဖို့  မျှော်မှန်းနေကြာတာပေါ့။ ယခုလမှစပြီး ကွမ်းသီးနုများ စတင်အသီးထွက်ရှိနေပြီးဖြစ်၍ အဝယ်ဒိုင်များအား စောင့်မျော်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် (၂)နှစ်အတွင်းက ကွမ်းသီးနု(ခေါ်) ကွမ်းသီးဂျယ် တစ်လုံးလျှင် (၅၀)ကျပ်အထိ ဈေးကောင်းရရှိခဲ့ပြီး ခြံပိုင်ရှင်အများစုက စီးပွားရေးအဆင်ပြေခဲ့ကြောင်း၊ ယခုနှစ်တွင် ဒေသအတွင်းရှိ အဝယ်ဒိုင်များက ပေါက်‌ဈေးအရ (၃၀) နှင့် အထက်ဈေးပေး ၍ ဝယ်ယူရန်ပြင်ဆင်လျက်ရှိပြီး ထိုထက် ဈေး‌ပိုရရန် မျှော်မှန်းနေကြောင်း” ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ကွမ်းသီးရာသီ ကုန်ဆုံးချိန်တွင် ကွမ်းသီးအခြောက်များ ‌ဈေးအနည်းငယ်မြင့်တက်လာပြီး ယခင် (၁)ပိဿာ (၂၄၀၀)ကျပ်အား (၄၅၀၀)ကျပ်အထိ ရရှိနေသော်လည်း ခြံပိုင်ရှင်အများစုက သိုလှောင်ထားခြင်းမရှိသဖြင့် ကွမ်းသီးနု(ခေါ်) ကွမ်းသီးဂျယ် ဈေးကောင်းရရန်သာ မျှော်မှန်းလျက်ရှိကြောင်း သိရသည်။


ကရသူရိ

https://t.me/MyanmarNationalPost

No comments:

Post a Comment