ရွှေတောင် ၊ မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးရုံး/ စခန်းရှေ့တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ မေလ( ၅) ရက်နေ့တွင်ကျရောက်မည့် ( ၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခဲ့ကြကြောင်းသိရသည်။
( ၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း၊ မြို့နယ်အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးအေးမြင့်တို့ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ၍ အမွှေးနံ့သာရည်များပက်ဖျန်းကာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment