Pages

Pages

မန္တလေးမြို့တွင် (၇၆)ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

 



ချမ်းအေးသာစံ  ၊ မေ  ၉


“လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” (Keeping Humanity Alive) ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို မေလ(၈)ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၇×၇၀ လမ်းထောင့်၊ တိုင်းကျန်းမာရေးရုံးဝင်းအတွင်းရှိ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားသို့ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့်ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများ၊ မြို့နယ်များမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ တက်ရောက်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် ဒေါက်တာသိန်းထွန်းဆောင်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ထံမှ ပေးပို့သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး အသက်(၆၅)နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သော တိုင်းကြက်ခြေနီတပ်ဖွဲ့မှ ဦးစီးမှူး(ဒုတိယတန်း) ဦးစိုးဦးအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment