Pages

Pages

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာပါတီဝင်များနှင့် တွေ့ဆုံ








ရန်ကုန်၊ မေ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့်အတူ ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့ နေ့လည် ၁၄ ၀၀ အချိန်တွင် သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်) ခန်းမတွင် ပြုလုပ်သည့် ပါတီကိုချစ်ခင်အား​ပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာပါတီဝင်များနှင့်တွေ့ဆုံပွ​ဲသို့ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ " ပြည်ခိုင်ဖြိုးပါတီ ပေါ်ပေါက်လာခဲ့ရမှုနှင့် ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်း၊ ပါတီမှ ဆောင်ရွက်နေသော ပြည့်မဏ္ဍိုင် ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ " အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက ၎င်းတို့သိရှိလိုသည်များအား မေးမြန်းရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်အးနားကို နေ့လည် ၁၅ ၄၅ အချိန်တွင် ရုတ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများ၊ ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီနှင့် ကင်းကွာနေသော အင်အားများအပါအဝင်  စုစုပေါင်း (၄၀၀)ဦး​ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment