မုံရွာ၊ မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မေလ (၁)ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်က လေပြင်း ထန်စွာတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခက်မှုကြောင့် မုံရွာမြို့၊ မြို့ပေါ်ရပ်ကွက်၊ အမှတ် (၁၁)ရပ်ကွက်တွင် လျှပ်စစ် ဓါတ်မီးတိုင် (၂၆)တိုင် နှင့် ဆက်သွယ်ရေး တိုင် (၄)တိုင် ပြိုလဲပျက်စီးခဲ့ပြီး အဆိုပါ ရပ်ကွက် များတွင် လုံးပတ် (၃)ပေမှ (၇)ပေ၊ အမြင့် (၃၀)ပေမှ (၈၅)ပေခန့်ရှိ တမာပင်၊ ကုက္ကိုလ်ပင်၊ ထနောင်းပင်၊ မန်းကျည်းပင်နှင့် ယူကလစ်ပင်ကြီးများသည် လမ်းများနှင့်လူနေအိမ်များပေါ်သို့ ကျိုးကျ ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အလားတူ မုံရွာမြို့နယ် တောပုကျေးရွာတွင်လည်း သစ်ပင်များပြိုလဲပြီး လူနေအိမ်အချို့ ပြိုလဲခြင်းများဖြစ်ခဲ့ပြီး၊ နေအိမ် (၆၇) လုံးမှာ သွပ်များအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
သစ်ပင်ကြီးများလဲကျ၍ လမ်းများပိတ်ဆို့ခြင်း၊ နေအိမ်များပေါ်သို့ပိခြင်း၊ နေအိမ်အချို့ အမိုးလန်ခြင်းများနှင့် ဓါတ်တိုင်များ ပြိုလဲခြင်းများဖြစ်ပွားခဲ့ရာနေရာများသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ သစ်ပင်များလဲကျ၍ လမ်းများပိတ်ဆို့နေမှုအား အချိန်နှင့်တပြေးညီ အမြန်ဆုံးသွားရောက် ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်၊ သေဆုံးမှုမရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment