Pages

Pages

နတ်မောက်မြို့တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေများ ရရှိ

 


နတ်မောက်  ၊  မေ ၂၀


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဈေးရပ်ကွက်တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအတွက် ဝင်ငွေများရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသည့် ပစ္စည်းများမှာ ခြံစည်းရိုးကွန်ကရစ်တိုင်၊ မိလ္လာသုံးကျောက်ခွေ၊ ရေပြွန်၊ ဝက်စားကျင်းခွက်၊ ပန်းအိုး စသည့်ပစ္စည်းများအား နေအိမ်တွင် ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ပစ္စည်း အဓိကရောင်းအားကောင်းတာကတော့ ကွန်ကရစ်ကျောက်တိုင်၊ ကွန်ကရစ်ဖိနပ်တိုင်၊ နွားစာကျင်းခွက်၊ ရေထည့်ကျောက်စည်များဖြစ်ပါတယ်၊ တစ်ခါတစ်ရံ ကျေးလက်လမ်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပြွန်များလည်း ပြုလုပ်ရောင်းချရပါတယ်၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ကျောက်စရစ်၊ သဲ၊ သံချောင်းများဖြစ်တာကြောင့် ဝယ်လိုအားပေးမှုအပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲဈေးတက်ခဲ့ပါတယ်၊ ကျွန်တော်တို့ဆိုင်ကတော့ ခြံစည်းရိုးကျောက်တိုင် အမြင့်(၇)ပေ ထု(၄)လက်မ တစ်တိုင်ကို (၆၀၀၀)ကျပ်၊ ပန်းအိုးအကြီးကို (၄၅၀၀)ကျပ်နှင့် ပန်းအိုးအငယ်ကတော့ (၃၅၀၀)ကျပ်ရှိပြီး စသည့် ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချပေးလျက်ရှိပါတယ်” ဟု ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ ဦးမောင်ရွှေထံမှ သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment