Pages

Pages

ပခုက္ကူမြို့၌ သက်ကြီးဘိုးဘွားများနှင့် ပြည်သူများ အပူဒဏ်အန္တရာယ်ခံစားမှု လျော့နည်းစေရေး အပူရှောင်စခန်း စတင်ဖွင့်လှစ်





ပခုက္ကူ၊ မေ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ပြည်သူများ အပူဒဏ်အန္တရာယ်ခံစားမှုလျော့နည်းသက်သာစေရေးအတွက် ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး အမှတ်(၁၄)ရပ်ကွက် စနစ်သစ်ပုထိုးတိုက်ကျောင်း၌ အပူရှောင်စခန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါအပူရှောင်စခန်းဖွင့်လှစ်မှုအား ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှုးသက်ထွန်းနိုင်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းသွားရောက်၍ အပူရှောင်စခန်း လာရောက်နေထိုင်ကြသည့် သက်ကြီးဘိုးဘွားနှင့် ပြည်သူ (၁၂၀)ဦးတို့အား ထမင်းဧည့်ခံကျွေးမွေးခြင်း၊ အအေးချိုရည်များတိုက်ကျွေးခြင်း၊ ထန်းလျက်ဖြင့်ဧည့်ခံခြင်း၊ သွေးပေါင်ချိန်တိုင်တာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး၊ မိုးကြိုကာလအတွင်းဖြစ်ပွားတတ်သော လေပြင်းတိုက်ခတ်မှုအန္တရာယ်အကြောင်းတို့ကို အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ထို့ပြင် အပူရှောင်စခန်းကို ၂၀၂ ၄ ခုနှစ် မေလ ၁ ရက်နေ့က စတင်တည်ဆောက်ခြင်းဖြစ်ပြီး တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment