Pages

Pages

ဗိုလ်တထောင်မြို့နယ်တွင် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း




ဗိုလ်တထောင်  ၊ မေ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးနှင့် ဝန်ထမ်းတို့က ဗိုလ်တထောင်မြို့နယ် အမှတ် (၃) ရပ်ကွက်သို့ မေ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က စန္ဒကူးစာကြည့်တိုက်ခန်းမတွင် ကျန်းမာရေးအသိပညာပေးဟောပြောရာ အဖြစ်များသော ခါးနာဖြစ်ခြင်းရောဂါအကြောင်း သိကောင်းစရာများအကြောင်းကို မြို့နယ်တိုင်းဆေးမှူး ဒေါ်အေးချမ်းမိုးကဟောပြောပြီး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးခြင်းနှင့် အကြောပြေဆေး၊ အစာကြေဆေး၊ ချောင်းဆိုးဖျားနာပျောက်ဆေးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment