Pages

Pages

(၃၂၁) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို) အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်





တိုကျို၊ မေ ၂

တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို) ၏ (၃၂၁) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် အာဆီယံကော်မတီ(တိုကျို) ဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားသံအမတ်ကြီး H.E Mr. Heri AKHMADI က ကြီးမှူး၍ အင်ဒိုနီးရှားသံအမတ်ကြီးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ ငလျင်ကဲ့သို့ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာရပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် အာဆီယံ သံရုံးများအကြား အချက်အလက်ဖလှယ်ခြင်းနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကောင်စစ်ဆိုင်ရာအရာထမ်းများအကြား အဖွဲ့တစ်ခုဖွဲ့စည်းသွားရန်ကိစ္စရပ်များ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးနှင့် တစ်ဆက်စပ်တည်း အာဆီယံသံအမတ်ကြီးများနှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးနှင့် အရှေ့တောင်နှင့် အနောက်တောင်အာရှရေးရာဦးစီးဌာန (Southeast and Southwest Asian Affairs Department) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Ryo Nakamura တို့အကြား Dinner Talk ကို ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါ Dinner Talk တွင် ညွှန်ကြားရေးမှူးချုပ် Mr. Ryo Nakamura နှင့် အာဆီယံသံအမတ်ကြီးများသည် အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ငလျင်ကဲ့သို့ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာရပါက အာဆီယံသံရုံးများနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment