သရက်မြို့၌ ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ ရွှေဘုံသာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိသုတသာရမထေရ်မြတ်အား ဂုဏဝိသိဌထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ ရွှေဘုံသာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိသုတသာရမထေရ်မြတ်အား ဂုဏဝိသိဌထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ





သရက် ၊  မေ  ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်ထောင်သမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့်သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရွှေဘုံသာကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိသုတသာရမထေရ်မြတ်အား ဂုဏဝိသိဌထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ရွှေဘုံသာကျောင်းတိုက်၌ ကျင်းပခဲ့ရာအပူဇော် ဆရာတော်ကြွရောက်လာစဉ် တေးသံရှင်မေသက်ထားဆွေက ထူးမခြားနားသီချင်းသီးဆို ပူဇော်ပေးခဲ့သည်။

ထို့နောက်  နမောတဿရွတ်ဆိုဘုရားကန်တော့ပြီး ကျပ်တစ်သိန်းအထက် အလှူရှင်များအား နိုင်ငံကျော်တေးသံရှင် မေသက်ထားဆွေမှဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ရွှေဘုံသာကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုတသာရ၏ ထေရုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားပူဇော်ပြီး နိုင်ငံကျော်တေးသံရှင် မေသက်ထားဆွေ က သာသနာတော်ဆိုင်ရာ မဟာသဒ္မမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ရွှေဘုံသာကျောင်း ဆရာတော် ဘဒ္ဒန္တဝိသုတသာရအား ကောင်းခြင်းမင်္ဂလာ တေးသီးချင်းဖြင့် ပူဇော်ပေးခဲ့ပြီး သရက်ခရိုင် အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ကာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ဘွဲ့တံဆပ်တော်ရ ဆရာတော်ဘဒ္ဒန္တဝိသုတသာရထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။ 


ဇော်ထက်(သရက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)