Pages

Pages

ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်





ငါးသိုင်းချောင်း၊ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀ )နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက်(၀၈:၀၀)နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ ဦးဆောင်မှုဖြင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး  မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌဒေါ်နှင်းဝေလွင်နှင့် အလှူရှင်များမှအလှူငွေများနှင့် အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြသည်။ 

ငါးသိုင်းချောင်းမြို့တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာန၌ အသက်(၇၀)နှစ်နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ယနေ့တွင် အဘိုးအဘွား(၉၂)ယောက်အားကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည် (၃၅)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment