Pages

Pages

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်လုံးဆိုင်ရာ နှစ်သစ်ဦး အထူးတရားပွဲ ဒုတိယည အောင်မြင်စွာ ကျင်ပပြီးစီး






ရန်ကုန်၊ မေ ၁၁

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ လောင်းလုံလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ၌ ရပ်ကွက်လုံးဆိုင်ရာ "မြန်မာနှစ်သစ်ဦး ဓမ္မပူဇာ အထူးတရားပွဲ"ကို ယနေ့ည (၁၁,၅,၂၀၂၄)ရက်နေ့ (၁၉ ၀၀)အချိန်မှ စ၍ ကျင်းပခဲ့ရာ နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီး၏ ဒုတိယတိုက်အုပ် အရှင်ဇောတိဿရာလင်္ကာရ(ဝနယဓရ၊ ဝိနယဓရကောဝိဒ၊ ဒွိပိဋကဓရ၊ ဒွိပိဋကဓရကောဝိဒ၊ မူလအာဘိဓမ္မက ပိဋကနှစ်ပုံခွဲဆောင်) ဆရာတော် မှ "ဘဝလမ်းဆုံ ဤလူ့ဘုံ" တရားတော်ကို ဟောကြားချီးမြှင့်တော်မူခဲ့သည်။

တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ မတည်အလှူငွေ၊ တစ်ဦးချင်းအလှူငွေများနှင့် ကြွရောက်လာကြသော တရားနာပရိတ်သတ်များ၏ အလှူငွေ စုစုပေါင်း ၂,၈၆၀,၀၀၀/(နှစ်ဆယ်ရှစ်သိန်းခြောက်သောင်းကျပ်တိတိ)နှင့် သင်္ကန်းခြင်း(၃)ခြင်း၊ သင်္ကန်း(၂)စုံ တို့အား လှူဒါန်းခဲ့ကြ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး တရားပွဲ(ဒုတိယ) ည အောင်မြင်စွာပြီးမြောက်ခဲ့သည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment