Pages

Pages

ဟောင်ကောင်ဒေသအခြေစိုက် အာဆီယံ ကောင်စစ်ဝန်ချုပ်များ၏ မကာအိုဒေသခရီးစဉ်တွင် မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်




ဟောင်ကောင်၊ မေ ၂၃

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် သည် ၂၁-၅-၂၀၂၄ ရက်တွင် ဟောင်ကောင်ဒေသအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကောင်စစ် ဝန်ချုပ်များ၏ မကာအိုဒေသသို့ သွားရောက်သည့်ခရီးစဉ်တွင် ပါဝင်ခဲ့သည်။

ခရီးစဉ်အတွင်း မြန်မာကောင်စစ်ဝန်ချုပ်သည် မကာအိုအထူးအုပ်ချုပ်ရေးဒေသအခြေစိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာ H.E Mr. Liu Xianfa မှ တည်ခင်းသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး ညနေပိုင်း၌ မကာအိုဒေသ အုပ်ချုပ်ရေးမှူးချုပ် H.E Mr. Ho Iat Seng ထံ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် မကာအိုဒေသနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မကာအို-အာဆီယံ နိုင်ငံတကာ ကုန်သည်ကြီးများအသင်းမှ စီစဉ်သည့် Networking session နှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment