Pages

Pages

မြစ်သားမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၃၉)လုံးမှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကျောက်ဆည် ၊  မေ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ မေ(၁၅)ရက်၊ ညနေ(၆)နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စု(၄)အုပ်စုမှ လူနေအိမ်(၃၉)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါ ပျက်စီးခဲ့သည့်လူနေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးနှင့် မိသားစုဝင်များ (၇)ရက်စာ ဆန်းရိက္ခာဝယ်ယူသုံးစွဲနိုင်ရေး ကျောက်ဆည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ(၃)နာရီက  မြစ်သားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လေဘေးသင့်၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၃၉) လုံးအတွက် ပြန်လည်ပြုပြင်ဆောင်လုပ်နိုင်ရေး ငွေ(၁၇၆၆၁၀၀)ကျပ်၊  အမျိုးသား (၉၇)ဦး၊ အမျိုးသမီး (၉၂)ဦး၊ စုစုပေါင်း (၁၈၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၉၆၉၀၀)ကျပ်၊ ခေါက်ဆွဲခြောက်/ရေသန့်များ ဝယ်ယူစားသုံးနိုင်ရေးငွေ (၂၁၆၃၀၀၀)ကျပ်အား  ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းနှင့် မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment