Pages

Pages

ပေါင်မြို့နယ်၌ကဆုန်ညောင်ရေသွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်






ပေါင်        ၊  မေ      ၂၁

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)  မေလ(၂၂)ရက်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကိုမွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက် ရွှေတီဂုံစေတီတော်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်ပြီး ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်သည့်အတွက် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင်  ရွှေတီဂုံစေတီတော်ပေါ်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ရေး၊ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား အကျွေးအမွေးအစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment