Pages

Pages

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး





နေပြည်တော်၊ မေ ၁၃

၂၀၂၄ ခုနှစ် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယမန်နေ့က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ပြပွဲတွင် အုပ်စု (C) မှ ကျောက်စိမ်းအတွဲအမှတ် (၃၇၅၁) မှ (၄၅၅၀) အထိ ကျောက်စိမ်း အတွဲပေါင်း ၈၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၇၅၈ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲ ၃၇၉ တွဲ၊ ကျောက်မျက် အတွဲ ၈၈ တွဲ၊ အုပ်စု (A) နှင့် အုပ်စု (B) မှ ကျောက်စိမ်းအတွဲ ၁၅၃၉ တွဲနှင့် အုပ်စု (C) မှ ကျောက်စိမ်းအတွဲ ၁၇၁၂ တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း ၃၂၅၁ တွဲကို ရောင်းချပေးနိုင်ခဲ့သည်။

ယခု ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မေ ၃ ရက် မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment