Pages

Pages

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးမြို့တွင် ဆရာအတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုလှည့်လည်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၄

ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်အတူ မန္တလေးပညာရေး ဒီဂရီကောလိပ်သို့ရောက်ရှိပြီး စာသင်ခန်းများတွင် ဘီအီးဒီ စာပေးစာယူသင်တန်း (၃/၂၀၂၃) ဒုတိယနှစ် သင်ကြား၊ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုသင်တန်းသည် နောက်ဆုံးအသုတ်ဖြစ်သည့်အားလျော်စွာ သင်တန်းပြီးဆုံးပြီးနောက် ဘီအီးဒီဘွဲ့ရရှိပြီးပါက အထက်တန်းပြဆရာတာဝန်များကို တာဝန်ကျရာဒေသများတွင် ထမ်းဆောင်ကြစေလိုပါကြောင်း မှာကြားသည်။

ထို့နောက် မန္တလေးပညာရေး ဒီဂရီကောလိပ်တွင် ပုဂ္ဂလိကဆရာ အတတ်ပညာလက်မှတ်သင်တန်းသားများ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ် သို့ရောက်ရှိပြီး ပုဂ္ဂလိကဆရာ အတတ်ပညာလက်မှတ်သင်တန်း (အထက်တန်းအဆင့်) နှင့် (နိုင်ငံတကာသင်ရိုး) တက်ရောက်လျက်ရှိသော သင်တန်းသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားရာတွင် ယခုသင်တန်း ပြီးမြောက်ပြီးပါက ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ်ချီးမြှင့်မည်ဖြစ်ပြီး ဆက်လက်၍ သတ်မှတ်အရည် အချင်းနှင့်ကိုက်ညီပါက ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့သင်ကြားရသည့် ကျောင်းများတွင် ကျောင်းသားကျောင်းသူများကို မိခင်ဘာသာစကား၊ ရုံးသုံးဘာသာ စကားဖြစ်သော မြန်မာစာ၊ မြန်မာစကား တတ်အောင်သင်ကြားပေး ရမည်ဖြစ်ကြောင်း၊ မြန်မာ့ပထဝီဝင်၊ မြန်မာ့သမိုင်းကိုလည်း အလေးအနက်ထားသင်ကြားကာ မြန်မာလူငယ်ကျောင်းသားများ နိုင်ငံချစ်စိတ် ကိန်းအောင်းလာစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေ လိုပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားလိုက်သော သင်ပြနည်းစနစ်များကို အလေးအနက်ထား မှတ်သားနာယူစေလိုကြောင်း၊ နည်းပညာအသုံးချ (Technology Integration) သင်ကြားသင်ယူမှု စနစ်များကိုလည်း မျက်ခြည်မပြတ်လေ့လာနေမှသာ မိမိ၏ကိုယ်ပိုင်အရည်အသွေးနှင့် သင်ကြားမှုအရည်အသွေး မြင့်တက်လာမည်ဖြစ်ကြောင်း မှာကြားပြီး တက္ကသိုလ်ဥပဓိရုပ်နှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။

မန္တလေးပညာရေးဒီဂရီ ကောလိပ်တွင် ဘီအီးဒီစာပေးစာယူသင်တန်း (၃/၂၀၂၃) ဒုတိယနှစ် သင်တန်းသား ၇၈၉ ဦး၊ ပုဂ္ဂလိက ဆရာအတတ်ပညာ လက်မှတ်သင်တန်း (မူလတန်းအဆင့်) ၃၂၉ ဦးနှင့်အလယ်တန်းအဆင့် ၂၂၀ စုစုပေါင်း ၅၄၉ ဦး တက်ရောက်လျက်ရှိပြီး မန္တလေးတက္ကသိုလ်တွင် အထက်တန်းအဆင့် ၅၄၅ ဦး နှင့် နိုင်ငံတကာ သင်ရိုးသင်သင်တန်းသား ၅၀၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment