Pages

Pages

မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေး


ကူဝိတ်၊ မေ ၁၆

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့ တွင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနအကြီးအကဲ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ သံအမတ်ကြီး Sameeh Essa Johar Hayat အား ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ၎င်း၏ရုံခန်း၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်နိုင်မည့် ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလားများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment