Pages

Pages

ရွှေပညာဒါန(အခမဲ့)အသိပညာပေး ရွှေသင်တန်းနှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေး သင်တန်း ဖွင့်လှစ်



 ရန်ကုန်  ၊    မေ   ၂                          

        ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် (၃၂)ကြိမ်မြောက် ရွှေပညာဒါန(အခမဲ့)  အသိပညာပေး ရွှေသင်တန်းနှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာ အသိပညာ ပေးသင်တန်းအမှတ်စဉ် (၁၃)ကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်တိုင်း

ဒေသကြီး၊ ရွှေဘုံသာ လမ်းရှိ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းရုံး၌ ကျင်းပရာ ကျောက် တံတားခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးဥက္ကာ နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး

ရွှေလုပ်ငန်းရှင်များအသင်းနာယက ဦးစန်းလွင်၊ အသင်းဥက္ကဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိ သူများ၊ ရွှေလုပ်ငန်းကို စိတ်ပါဝင်စားသည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဥက္ကာကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်ဥက္ကဌ ဦးမျိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းပြောကြားရာတွင်ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှား များမဖြစ်ပေါ်စေရန်နှင့် အလုပ်ကိုင်အခွင့်လမ်းများ တိုးပွားလာစေရန် အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် ငွေကြေးခဝါချမှု အသိပညာပေးခြင်း၊ ရွှေတူးဖော်ခြင်း၊ ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက် ရောင်းဝယ်ခြင်း၊ ရွှေ ဆိုင်ဖွင့်ရန် အခြေခံ တွက်ချက်နည်း၊ ရွှေ ပန်းထိမ်၊ရွှေဒင်္ဂါး၊ ငွေ ဒင်္ဂါး ရွှေအပေါင်ခံခြင်း၊ ကျောက်မျက်ပညာ၊အသုံးချရွှေသင်္ချာ၊ ရွှေဆိုင် ဖွင့်လှစ်ခြင်း အစရှိသည့် ဘာသာရပ်များကို မေလ (၂)ရက်နေ့မှ(၁၁) ရက်နေ့အထိ နေ့စဉ် နံနက် (၈)နာရီမှ(၁၀) နာရီအထိ ဖွင့်လှစ် သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းနှင့်  သင်တန်းတွင် သင်တန်းသား၊ သင်းတန်းသူ (၁၅၀)ဦး ကျော် တက်ရောက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


-နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment