Pages

Pages

ကံမမြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲတော်ကျင်းပ


ကံမ  ၊  မေ  ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မေ ၂၂ ရက်နေ့ ညနေ ၄ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆွမ်းဆန်တော်လောင်းလှူရာတွင် ဆရာတော် သံဃာတော်(၁၀၅)ပါးတို့သည် အမှတ်(၄) ရပ်ကွက်၊ အောင်သိဒ္ဓိကန်လည်ဘုရားမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ အလှူခံကြွချီတော်မူကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများက ဆွမ်းဆန်တော်များကို လောင်းလှူခဲ့ကြသည်။ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများ၌လည်း ညောင်ရေသွန်းပွဲများကို ကျင်းပရာ စတုဒီသာမုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း  သိရသည်။


ကျော်ဇေယျဝင်း(ကံမ)

https://t.me/MyanmarNationalPost

No comments:

Post a Comment