Pages

Pages

တောင်ငူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် ဒေသခံပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များမှ တန်ဖိုးသင့်စားသေက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်







တောင်ငူ၊ မေ ၁၁

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တောင်ငူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် ဒေသခံပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းက တပ်မတော်သားများနှင့်မိသားစုဝင်များမှ တန်ဖိုးသင့် အသား၊ ငါး၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များအား ရောင်းချပေးလျက်ရှိပြီး ထန်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲမှ ကျန်းမာရေးစောင့် ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ဒေသခံပြည်သူများအား စားသောက်ကုန်များ ရောင်းချပေးနေမှု၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့၍ ဘုန်းတော်ကြီးကျောင်းသို အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment