Pages

Pages

ရွှေတောင်မြို့နယ်အတွင်း ဆန်ဆိုင်ကြီးများအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး





ရွှေတောင် ၊  မေ  ၂၁


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့မစျေးနှင့် ဆန်အရောင်းဆိုင်များအား ယနေ့နံနက် ( ၈း၀၀) နာရီ အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ဆန်အပါအဝင် အခြေခံစားပစ္စည်းကုန်များ ပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ်စေရေး၊ ဆန်စျေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် စျေးနှုန်းမြင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ဖြန့်ထြူးရောင်းချမှုများ ရှိ/ မရှိကို ဆက်စပ်ဌာနများပါဝင်သောအဖွဲ့မှ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment