Pages

Pages

ရေတာရှည်မြို့နယ်၌ “သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး” ဟောပြောပွဲကျင်းပ

 




ရေတာရှည်  ၊  မေ  ၂၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီး၍ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ရေတာရှည်မြို့နယ်၊ စိုင်းရဘိနယ်စခန်း၌ “သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပသည်။


ဟောပြောပွဲ၌ တောင်ငူခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းသူမှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများကို သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းဆိုင်ရာများကိုလည်းကောင်း၊ ဖြူးမြို့နယ်မှ  ဦးစီးအရာရှိ ဦးသိန်းသန်းစိုးမှ  သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး သိကောင်းစရာများကို လည်းကောင်း၊  ကျောက်ကြီးမြို့နယ်မှ ဦးစီးအရာရှိ ဦးစောအယ်ကလူစိုးမိုးမှ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ ရေတာရှည်မြို့နယ်မှ ဦးစီးအရာရှိ ဦးထက်လင်းမှ သစ်တောများမှ ပေးစွမ်းနိုင်သောအကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊  အုတ်တွင်းမြို့နယ် ဦးစီးအရာရှိ ဦးသိန်းသန်းထိုက်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီးကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ ဟောပြောပွဲသို့ ရေတာရှည်မြို့နယ် ကျောက်တစ်လုံးအလယ်တန်းကျောင်းမှ ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ကျောက်တလုံးကျေးရွာ တာဝန်ခံများနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီးနောက် ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာန၏  စိုင်းရဘိနယ်စခန်း ပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုများအား ဝင်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment