Pages

Pages

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်မိုးစပါးရာသီ မျိုးစေ့ချကိရိယာလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

  




ပေါင်    ၊    မေ      ၁၅


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊မိုးစပါးရာသီ မျိုးစေ့ချကိရိယာလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင် က ပေါင်မြို့နယ်အနေဖြင့် စာရေးရိက္ခာဖူလုံရေး ကိုရည်ရွယ်၍တောင်သူတွေအတွက် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ အခမဲ့‌ထောက်ပံ့ပေးအပ်ခြင်းကို ကို ပထမအနေဖြင့် စိုက်ဧကများသည့်ကျေးရွာများကို (၂၅)စီးပေးအပ်ခဲ့မည်ဖြစ်ပါကြောင်း၊စိုက်ပျိုးရာသီအမီ ‌နောက်ထပ် (၇၅)စီးကိုကျေးရွာအရောက် အခမဲ့ ဆက်လက်ပေးအပ်‌သွားမည်ဖြစ်သည့်အတွက် စုစုပေါင်း ပေါင်မြို့နယ်မှာမျိုး‌စေ့ချကိရိယာ အစီး(၁၀၀)ရရှိမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်က မျိုးစေ့ချကိရိယာ (Seeder) အခမဲ့ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းအကျိုး‌ကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ရာ တောင်သူများက သိလိုသည်များနှင့် လိုအပ်ချက်များကိုမေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် မျိုးစေ့ချကိရိယာ(၂၅)စီးအား ပထမအကြိမ် ရရှိသည့်ကျေးရွာများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ 

ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment