Pages

Pages

ကြံခင်းမြို့နယ် ဘက်ရဲမြို့ ဆေးဝါးရာဇာလူမှုကူညီရေးအသင်းက (ပဉ္စမအကြိမ်) သောက်သုံးရေများလှူဒါန်း



ကြံခင်း၊ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိကျေးရွာများတွင် နွေရာသီကာလ ရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီးဖြစ်သဖြင့် လိုအပ်လျက်ရှိသောပေါက်နွယ်စမ်း ကျေးရွာအုပ်စု အေးမြသာယာကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက ဘက်ရဲမြို့ ဆေးဝါးရာဇာလူမှု ကူညီရေးအသင်းက ရေဂါလန် (၁၆၀၀)ကို (ပဉ္စမအကြိမ်) မြောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ပေါက်နွယ်စမ်းကျေးရွာအုပ်စုရှိ အေးမြသာယာကျေးရွာနေပြည်သူများ သောက်သုံးရေးရှားပါးပြတ်လပ်လျက်ရှိခြင်း၊ ဒေသနေပြည်သူများ ရေအခက်အခဲဖြစ်ခြင်းကြောင့် ပေါက်နွယ်စမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘက်ရဲမြို့ရှိ ဆေးဝါးရာဇာလူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး အေးမြသာယာကျေးရွာနေပြည်သူများထံသို့  အသင်းပိုင်ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)ကို (ပဉ္စမအကြိမ်)မြောက် သွားရောက်လှူဒါန်းကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment