Pages

Pages

ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် အခြေခံမွေးမြူရေးသင်တန်း (ကြက်၊ ဝက်၊ ဆိတ်၊နွား) သင်တန်းဖွင့်လှစ်




ရွှေတောင် ၊  မေ    ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက ကြက်၊ဝက်၊ဆိတ်၊နွား  အခြေခံမွေးမြူရေးသင်တန်း" ဖွင့်လှစ်ကျင်းပခဲ့ကြောင်းသိရသည်။

     အခမ်းအနားတွင် မြို့နယ် စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သိမ့်သိမ့်အောင်က အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) (၂၁) ဦးတက်ရောက်၍   သင်တန်းတွင် ကြက်၊ ဝက်၊ဆိတ်၊နွား များ စီးပွားဖြစ်‌ မွေးမြူနိုင်ရေး၊ မျိုးရရှိ 

 ရေး၊ အစာရရှိ ရေး၊ မွေးမြူ ရေးလုပ်ငန်းဆိုင်ရာ ချေး ငွေများ ရရှိ ရေးနှင့် တိုင်းရင်းကြက် မွေးမြူသူများ တိုးချဲ့ မွေးမြူနိုင် ရေး၊ တိရစ္ဆာန်များအား

ကာကွယ်ဆေးထိုးခြင်းနှင်အထွေထွေကုသခြင်း စသည့်အကြောင်းအရာများကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment