Pages

Pages

မွန်ပြည်နယ် ဝန်ကြီးချုပ် မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့ကြီးအား သာသနာရေးနှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ဂုဏပူဇာမှတ်တမ်းလွှာ ပူဇော်ပွဲအခမ်းအနား တက်ရောက်








မော်လမြိုင်၊ မေ ၁၄

မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့ကြီးအား သာသနာရေးနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဂုဏပူဇာမှတ်တမ်းလွှာ ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်း၊ သာသနာ၂၅၀၀ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။


ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတောင်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သံဖြူဇရပ်မြို့ ကျိုက္ခမီအလယ်ကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒသာရ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခဲ့ယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။


ထို့နောက် မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့ကြီးအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆက်ကပ်ပူဇော်သည့် ဂုဏပူဇာမှတ်တမ်းလွှာကို ဆရာတော်ထံ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဆက်ကပ်ပူဇော်၍ လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။


စည်သူ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment