Pages

Pages

ရွှေတောင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ​ခြင်းများစတင်ဆောင်ရွက်



ရွှေတောင်  ၊   မေ  ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို မေလ(၂၃)ရက်နေ့မှ ဇွန်လ ၂ရက်နေ့ထိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများတွင် လက်ခံဆောင်ရွက်လျက်ရှိရာ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံလျက်ရှိကြောင်းသိရသည်။

           ရွှေတောင် မြို့နယ်အတွင်း၂၀၂၄-၂၀၂၅ ပညာသင် နှစ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၉) ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) (၈) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၈) ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁၆) ကျောင်း၊ မူလတန်းကျောင်း (၁၃၀)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၁)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်း ကျောင်း (၁)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၁၈၀) ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  သိရသည်။

    ထိုသို့ ကျောင်းအပ်လက်ခံရာတွင် အသက်(၅)နှစ်ပြည့်ပြီးသူများအား KG တန်းနှင့် အသက်(၆) နှစ်ပြည့်သူများအား Grade-1(ပထမတန်း)များလက်ခံခြင်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းတင် စာမေးပွဲအသီးသီးအောင်မြင်ကြပြီးသော ကျောင်းသား၊ ကျောင်းသူများအား အတန်းသစ်အပ်နှံလက်ခံခြင်းနှင့် ကျောင်းသားသစ်များ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရာတွင် မိဘအုပ်ထိန်းသူများက ကျောင်းသား၊ကျောင်းသူများနှင့်အတူ လိုအပ်သည့် အချက်အလက်များ ဖြင့်စနစ် တကျလာရောက် အပ်နှံလျက်ရှိပြီးကျောင်းသုံးပြဌာန်းစာအုပ်များနှင့်ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ် ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို (အခမဲ့) ထုတ်ပေးခဲ့ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၃)ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စတင်ဖွင့်လှစ်သွာမည်‌ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကိုကိုမင်း  

https://t.me/MyanmarNationalPost

No comments:

Post a Comment