Pages

Pages

ရွှေတောင်မြို့နယ်တွင် မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေး



ရွှေတောင်  ၊ မေ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

   အဆိုပါ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေးများပြုလုပ်ဆောင်ရွက်ရာသို့ ပဲခူးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမျိုးဝင်း၊ ပြည်ခရိုင် မီးသတ်ဦးစီးမှူး နှင့်အဖွဲ့ဝင်များမှ အသင့်စုဖွဲ့ထားရှိသည့် တပ်ဖွဲ့များ၊ရှာဖွေကယ်ဆယ်ရေးပစ္စည်းကရိယာများ၊ယာဥ်/ စက် အင်အားများဖြင့် အသင့်စုဖွဲ့ထားရှိမှုအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment