Pages

Pages

ပေါင်မြို့နယ်၌ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး



ပေါင်  ၊ မေ  ၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်မြို့နယ်၊ကဒုံစီးရပ်ကွက်၊ကဒုံစီးတိုက်ကျောင်းဘုန်တော်ကြီးကျောင်းတွင်ယနေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လဝကဦးစီးမှူးဦးသန်းဝင်းဇော်နှင့် ဝန်ထမ်းများမှ အသက်(၁၀)နှစ်နှင့်(၁၈)နှစ်ကြားပြည်သူ(  ၂၅   )ဦး၊အသက်(၁၈)နှစ်နှင့်အထက်ပြည်သူ( ၂၃ )ဦးတို့အားနိုင်ငံသားစီစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခဲ့ပြီး၊နိုင်ငံသားစီစစ်ရေးကတ်ပြားလဲလှယ်သူ ( ၅ )ဦး၊နိုင်ငံသားစီစစ်ရေးကတ်ပြားပျောက်ဆုံး၊ပျက်စီးမိတ္တူပြုလုပ်သူ( ၄  )ဦး၊စုစုပေါင်း( ၅၇  )ဦးတို့အားနိုင်ငံသားစီစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းအပြင်(Biometric)ကောက်ယူခြင်းလုပ်ငန်းများလည်းဆောင်ရွက်ထုတ်ပေးခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment