Pages

Pages

(၁၂) ကြိမ်မြောက် အာဆီယံအပေါင်း ဘိုးလင်းပြိုင်ပွဲကို အာဆီယံ-ပရာ့ဂ်ကော်မတီက ကြီးမှူးကျင်းပ




ရာ့ဂ်၊ မေ ၁၀

အာဆီယံ-ပရာ့ဂ်ကော်မတီ (ASEAN Committee in Prague) မှ ကြီးမှူး၍ (၁၂) ကြိမ်မြောက် အာဆီယံအပေါင်း ဘိုးလင်းပြိုင်ပွဲ (12th ASEAN Plus Bowling Tournament) ကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်တွင် ပရာ့ဂ်မြို့ရှိ XBOWLING PROSEK DUO ၌ ကျင်းပခဲ့ရာ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်သံရုံးများမှ ပြိုင်ပွဲဝင်အသင်းများ၊ ချက်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနတို့မှ ပြိုင်ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည်။ 

အာဆီယံအပေါင်းဘိုးလင်းပြိုင်ပွဲသည် ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံတမန်များနှင့် ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှု တိုးတက်စေရန် ရည်ရွယ် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏  ကာလရှည်အစဉ်အလာရှိသော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ယခုနှစ်ဘိုးလင်းပြိုင်ပွဲကို အာဆီယံ-ပရာ့ဂ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် မလေးရှားသံရုံးနှင့် မြန်မာသံရုံးတို့က ပူးတွဲစီစဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment