စစ်ကိုင်း၊ မေ ၂၂
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်း အထူးဂုဏ်ယူရမည့် နေ့တစ်နေ့ဖြစ်ရာ ဗျာ ဖွား ပွင့် စံ ဤလေးတန်ဆိုသည့် မြတ်စွာဘုရားဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားပွင့်ခြင်း၊ ပရိနိဗ္ဗာန်စံခြင်းတို့မှာ ထူးခြားတိုက်ဆိုင်မှုဖြစ်ပြီး နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့က ကောင်းမှုကုသိုလ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ ကဆုန်လပြည့်စစ်ကိုင်းမြို့တွင်လည်း စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့များ၊ အလှူရှင်များစုပေါင်းကာ စစ်ကိုင်းမြို့၊ သကျဓိတာသီလရှင်စာသင်တိုက်ကြီးမှ သီလရှင်ဆရာကြီး/ ဆရာလေးအပါး(၁၀၀)တို့အားပင့်ဖိတ်၍ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုများ လောင်းလှူကာ ကောင်းမှုကုသိုလ်ပြု လုပ်ဆောင်ရွက်ခြင်းကို ယနေ့၊နံနက်(၇)နာရီက ဆင်များရှင်ဘုရားကြီး ရင်ပြင်တော်ပေါ်၌ လောင်းလှူခဲ့ကြသည်။
စစ်ကိုင်းမြို့အနေဖြင့် နှစ်စဉ်ကဆုန်လပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ ဘုရားစေတီပုထိုးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒိသာကျွေးမွေးသူများနှင့် ဗောဓိညောင်ပင်များတွင် ညောင်ရေသွန်းလောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment