Pages

Pages

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ကူဝိတ်စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်တို့ ဆွေးနွေး



ကူဝိတ်၊ မေ ၆

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကူဝိတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (Kuwait Fund for Arab Economic Development -KFAED) ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Waleed Sh. Al-Bahar အား ၎င်း၏ ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ကူဝိတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (KFAED) နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်နှင့် အလားအလာကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။  

KFAED သည် ဖွံဖြိုးဆဲနိုင်ငံများအတွက် နည်းပညာအကူအညီများနှင့် ဆင်းရဲမှုလျော့ချ ရေးလုပ်ငန်းများအတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment