Pages

Pages

မိုင်းတုံမြို့‌ ရွှေစေတီကျောင်းတိုက်၌ (၂၉) ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


မိုင်းတုံ ၊ မေ  ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ရွှေစေတီကျောင်း တိုက်၌ (၂၉) ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို ဆရာတော်ဥူးမာနိက ကရွတ်ဖတ်ပူဇော်ခြင်း၊ မန္တ‌လေးစာသင်တိုက် ဓမ္မဓရဆရာတော် ဥူးပညာဒီပထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်ဥူးဇနိန္ဒမှ ပဌာန်းတရားနားကြားရန် နတ်ဗြဟ္မာများအားဖိတ်ကြားခြင်း၊ ဆရာတော်ဥူးကုဝေရမှ ပဌာန်းဒေသာနာတော် ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဌာန်းအမွမ်းဖတ်ကြားပြီးနောက် သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ပဌာန်း (၂၄) ပစ္စည်း (၃) ခေါက်သံပြိုင်ရွတ်ဆိုပြီး အလှည့်ကျ  ဘဏကသံဃာတော်မှ အဘိဓမ္မာ (၇) ကျမ်းကိုစတင် ရွတ်ဖတ်ပူဇော်ခဲ့သည်။

ဆင်ယင်ကျင်းပသည့် သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း (၁၀) ရက်၊ (၁၇.၅.၂၀၂၄) သောကြာနေ့၊‌ ရွှေစေတီကျောင်းတိုက်တွင် ပြုလုပ်‌သော (၂၉) ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော်များမှ အလှည့်ကျဖြင့် (၁၇-၅-၂၀၂၄) ရက်နေ့မှ (၂၁-၅-၂၀၂၄) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ကြောင်း သိရှိရသည်။


ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment