Pages

Pages

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းအား မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ




တာမွေ     ၊ မေ   ၁၈


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တို့အား ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သံတမန်ခန်းမဆောင်၌ လာရောက်တွေ့ဆုံခဲ့သည်။

          

 တွေ့ဆုံစဉ် နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ရန်ကုန်မြို့တွင် နီပေါသံရုံးမှ ဦးစီး ကျင်းပမည့် Nepal-Myanmar Trade Relations; Promotion Software Business ကုန်စည်ပြပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူ များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment