Pages

Pages

(၃၂) ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ် ကျင်းပ




နေပြည်တော်၊ မေ ၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဦးစီး၍ (၃၂) ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ်ကို ယမန်နေ့က မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆောင်ရွက်နေသောဌာနများ၊ စိုက်ပျိုးရေး ဆောင်ရွက်နေသောဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသောဌာနများ၊ အခြားဆက်စပ်ဌာန များမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

(၃၂) ကြိမ်မြောက် မုတ်သုံဖိုရမ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလ (အနောက်တောင်မုတ်သုံ ရာသီ ကာလ) အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာယေဘုယျခန့်မှန်းချက်များ တင်ပြဆွေးနွေးခြင်း၊ စိုက်ပျိုးရေးမိုးလေဝသအခြေအနေနှင့် မိုးလေဝသအသုံးအနှုန်းများ၊ မြန်မာနိုင်ငံနှင့် ငလျင်ဘေးအန္တရာယ်အကြောင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းရာသီကာလ အတွင်း ကြုံတွေ့ခဲ့ရသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာအတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများ တင်ပြဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြုချက်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment